ကိုကျော်စွာစိုး + မစုစုလင်းဇော်
စုလျားရစ်ပတ်ထိမ်းမြား လက်ထပ်မင်္ဂလာဧည့်ခံပွဲ
ဦးစိုးတင့် (ပြည်ထောင်စု ဒုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန) + ဒေါ်အေးအေးချစ် တို့၏ သားငယ်
မောင်ကျော်စွာစိုး
နှင့်
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ သံလွင်လမ်းနေ Captain မိုးဇော် (Master Mariner, Uniteam Marine Ltd.) + ဒေါ်ကျော့ကျော့စန်း တို့၏ တစ်ဦးတည်းသော သမီး
မစုစုလင်းဇော်
တို့၏ ၁၆.၅.၂၀၁၅ ရက်နေ့တွင် Sedona Hotel (Inya Room) ၌ ကျင်းပပြုလုပ်သည့် မင်္ဂလာမော်ကွန်းတင် လက်မှတ်ထိုးပွဲ အခမ်းအနားတွင် မင်္ဂလာအခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးပါသော ဦးကျော်စိုးဦး အားလည်းကောင်း၊ မင်္ဂလာမော်ကွန်းတင် လက်မှတ် ရေးထိုးပေးပါသော ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဒေါ်စိုးစိုးအောင် နှင့် တက်ရောက်ချီးမြှင့်ပေးပါသော ဂုဏ်သရေရှိလူကြီးမင်းများအားလည်းကောင်း၊ ၂၁.၅.၂၀၁၅ ရက်နေ့တွင် မင်းကွန်းတိပိဋက ရွှေရတုမင်္ဂလာခန်းခ ၌ မင်္ဂလာဦးဆွမ်းကျွေးပွဲသို့ ကြွရောက်ချီးမြှင့်ပေးပါသော ဂုဏ်သရေရှိလူကြီးမင်းများအားလည်းကောင်း၊ ၂၃.၅.၂၀၁၅ ရက်နေ့တွင် Sedona Hotel (Grand Ballroom) ၌ ကျင်းပပြုလုပ်သည့် စုလျားရစ်ပတ် ထိမ်းမြားလက်ထပ်မင်္ဂလာပွဲတွင် စုလျားရစ်ပတ်လက်ထပ်ထိမ်းမြားပေး၍ မင်္ဂလာနာယကအဖြစ်ဆောင်ရွက်ပေးပါသော ပြည်ထောင်စု မြန်မာနိုင်ငံတော် ဒုသမ္မတ သရေစည်သူ ဦးဉာဏ်ထွန်း နှင့် ဒုသမ္မတကတော် ဒေါ်ခင်အေးမြင့်၊ မင်္ဂလာအောင်စံပယ်ပန်းကုံးဆင်မြန်းပေးပါသော ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဝန်ကြီးချုပ်ကတော် ဒေါ်ခင်သက်ဋ္ဌေး၊ မင်္ဂလာလက်စွပ်ဆင်မြန်းပေးပါသော ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် ဝန်ကြီးကတော် ဒေါ်မူမူဆွေ တို့အား လည်းကောင်း၊ မင်္ဂလာပန်းကြဲပေးပါသော မောင်ဇော်မင်းသွယ်နှင့် မောင်ရဲဆွေမြင့်၊ မကေသီ နှင့် မကလျာ၊ မင်္ဂလာအောင်စံပယ်ပန်းကုံးဗန်းကိုင်ဆောင်ပေးပါသော မမေနောင်၊ မင်္ဂလာလက်စွပ်ဗန်းကိုင်ဆောင်ပေးပါသော မဒီဒါမိုးထွန်း၊ သတို့သားအရံ အဖြစ်ဆောင်ရွက်ပေးပါသော မောင်နေလင်းထက်၊ မောင်သက်ထူးစံ၊ သတို့သမီးအရံ အဖြစ်ဆောင်ရွက်ပေးပါသော မဝေမီချို၊ မခိုင်ကြည်ဦး၊ မင်္ဂလာအခါတော်ပေး ပေးပါသော အန်တီရီရီသန့်၊ မင်္ဂလာတေးသံသာဖြင့် ဖျော်ဖြေပေးပါသော ရီရီသန့် (မြန်မာမှု့တေးဂီတ) အဖွဲ့၊ ပုဂံအက အလှများဖြင့် ဖျော်ဖြေပေးပါသော မြန်မာချစ်သူ အကအဖွဲ့၊ မိတ်ကပ် နှင့် မင်္ဂလာဝတ်စုံ ဆင်မြန်းပေးပါသော Mogok Pauk Pauk ၊ မေတ္တာဖြင့်မင်္ဂလာလက်ဝတ်ရတနာ ဆင်မြန်းပေးပါသော SP Gem Jewellery၊ ဓာတ်ပုံနှင့်ဗွီဒီယို မှတ်တမ်းတင်ပေးပါသော Focus Daily ကိုဝဏ္ဏခွါနီးနှင့်အဖွဲ့၊ ပန်းအလှဆင်ပေးပါသော လင်းလင်း (Floral)၊ မင်္ဂလာဖိတ်စာ ဖန်တီးပေးပါသော Dagon ပုံနှိပ်တိုက်၊ တိမ်လွှာ မီးခို အလှဆင်ပေးပါသော Myanmar Carbonix အဖွဲ့၊ ၃၀.၅.၂၀၁၅ ရက်နေ့တွင် Sedona Hotel (Grand Ballroom) ၌ ကျင်းပပြုလုပ်သည့် မင်္ဂလာညစားပွဲသို့ တက်ရောက်ချီးမြှင့်ပေးပါသော ဂုဏ်သရေရှိ လူကြီးမင်းများနှင့် မင်္ဂလာအခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးပါသော ကိုကျော်ထက်အောင် နှင့် မသဒ္ဓါကြည်ဖြူ တို့အားလည်းကောင်း၊ မင်္ဂလာတေးသံသာဖြင့် ဖျော်ဖြေပေးပါသော ဂီတမိတ် တေးဂီတအဖွဲ့ နှင့် DJ – Baytar အားလည်းကောင်း၊ Sedona Hotel မှ Manager နှင့်ဝန်ထမ်းများအားလည်းကောင်း၊ ဤမင်္ဂလာပွဲအား အစစအရာရာ အဆင်ပြေချောမွေ့အောင် တာဝန်ယူ စီစဉ်ပေးပါသော SIGNATURE Weddings & Events Planning၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါသော နှစ်ဖက်သော ဆွေမျိုး မိတ်ဆွေ သင်္ဂဟ အားလုံးနှင့် မင်္ဂလာပွဲသို့ ကြွရောက်ချီးမြှင့်ကြသော ဂုဏ်သရေရှိလူကြီးမင်းများ၊ လူကိုယ်တိုင်မတက်ရောက်နိုင်သော်လည်း မင်္ဂလာလက်ဖွဲ့များ ချီးမြှင့်ကြပါသော ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ကျေးဇူးတင်ထိုက်သည့် ပုဂ္ဂိုလ်များအားလည်းကောင်း လှိုက်လှဲစွာ ကျေးဇူးဥပကာရတင်ရှိပါကြောင်း။ ချစ်ခင်လေးစားအပ်ပါသော မင်္ဂလာမင်းပရိသတ်အပေါင်းတို့ခင်ဗျာ၊ ကျွန်တော် ကျွန်မတို့၏ ထူးခြားမွန်မြတ်သည့်နေ့တစ်နေ့ဖြစ်ပါသော မင်္ဂလာဧည့်ခံပွဲ အခမ်းအနားသို့ နွေးထွေးသော မေတ္တာများဖြင့် တန်ဖိုးရှိလှသည့် အချိန်များကိုပေး၍ ကြွရောက်ပေးခဲ့ကြသည့်အတွက် ကျွန်တော် ကျွန်မတို့နှင့် နှစ်ဖက်သော မိဘများက လွန်စွာမှ လှိုက်လှဲဝမ်းမြောက်ဂုဏ်ယူမိပါသည်ခင်ဗျာ၊ သို့ပါသော်လည်း အကြောင်းကြောင်းကြောင့် အဆင်မပြေမှု့များ၊ သက်တောင့်သက်သာမဖြစ်မှု့များ၊ စိတ်အခန့်မသင့်ဖြစ်မှု့များ ရှိခဲ့ပါက ကျွန်တော် ကျွန်မ တို့၏ လိုအပ်ချက်များဖြစ်ပါသောကြောင့် ခွင့်လွှတ်နားလည်ပေးပါရန် လေစားစွာဖြင့် တောင်းပန်အပ်ပါသည်ခင်ဗျာ၊ ကြွရောက်ချီးမြှင့်အားပေးမှု့များအတွက် အမြဲတစေ အမှတ်တရ ရ၍ ကျေးဇူးတင်လျှက်ရှိပါကြောင်း ဂုဏ်သရေရှိမင်း ပရိသတ်များအားလုံးနှင့် ကျန်းမာပျော်ရွှင်ကြပါစေကြောင်း၊ ကျွန်တော် ကျွန်မတို့မှ လှိုက်လှဲပျူငှာစွာဖြင့် ဆုတောင်းအပ်ပါသည်ခင်ဗျာ။ ကျေးဇူးတင် ဂါရဝဖြင့်
နှစ်ဖက်မိဘများနှင့် မောင်ကျော်စွာစိုး + မစုစုလင်းဇော်
Comments
Post a Comment